my_tw/bible/kt/reveal.md

4.1 KiB

ဗျာဒိတ်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဗျာဒိတ်" ဆိုသည်မှာ အကြောင်းအရာတစ်ခုကို သိရှိစေခြင်းဖြစ်သည်။ "ဗျာဒိတ်တော်" သည် ဖြစ်လာမည့် အရာကို သိရှိဖွင့်ဟပြီးခြင်း ဖြစ်သည်။

  • သမ္မာကျမ်းစာတွင် "ဖွင့်လှစ်တော်မူခြင်း" မှာ ဘုရားသခင်သည် မိမိကိုယ်မိမိ ဖွင့်ပြတော်မူခြင်း ဖြစ်သည်။
  • ဘုရားသခင်သည် မိမိကိုမိမိ ဖန်ဆင်းခြင်းအရာများအားဖြင့် လူတွေနဲ့ဆက်သွယ်ခြင်းဖြင့် ပြောဆိုခြင်းဖြင့် သော်လည်းကောင်း၊ သတင်းစကားအားဖြင့် ဖော်ပြခြင်းဖြင့် သော်လည်းကောင်း ဖွင့်ပြသည်။
  • ဘုရားသခင်သည် အိပ်မက်များအားဖြင့် သို့မဟုတ် ရူပါရုံအားဖြင့်လည်း ဖွင့်ပြသည်။
  • တမန်တော်ရှင်ပေါလု ပြောသည်မှာ "သခင်ခရစ်တော်ထံမှဗျာဒိတ်တော်" ကို ရရှိသည်ဆိုသည့်အဓိပ္ပါယ်မှာ ခရစ်တော်ကိုယ်တိုင်က တမန်တော်ပေါလုကိုခရစ်ဝင်ကျမ်းကို ဖွင့်ပြသည်ဟုဆိုလိုသည်။
  • "ဗျာဒိတ်ကျမ်း" သည် ဘုရားသခင် ဖွင့်ပြထားသော အဖြစ်အပျက်များ၊ ၎င်းအကြောင်းအရာများသည် နောက်ဆုံးသော အချိန်ကာလတွင် ဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် တမန်တော်ယောဟန်အား ရူပါရုံအားဖြင့် ဖွင့်ပြတော်မူသည်။

ဘာသာပြန်အကြံပြုချက်

  • တစ်နည်းအားဖြင့် "ဖွင့်လှစ်တော်မူသည်" ကို "သိစေသည်" သို့မဟုတ် "ဖွင့်ပြောသည်" သို့မဟုတ် "ရှင်းလင်းစွာပြသည်" ဟူ၍ဖြစ်သည်။
  • ဖြစ်နိုင်သည့်နည်းလမ်းများ "ဗျာဒိတ်တော်" သည် "ဘုရားသခင်ထံမှဆက်ဆံရေး" သို့မဟုတ် " ဘုရားသခင်၏ ဖွင့်ပြတော်မူသောအရာများ" သို့မဟုတ် "ဘုရားသခင်အကြောင်း သင်ပေးခြင်း"။ ဗျာဒိတ်တော်သည် အကောင်းဆုံး နားလည်နိုင်သော "ဖွင့်လှစ်တော်မူသည်" စာလုံးဖြစ်သည်။
  • "ဗျာဒိတ်တော်မရှိခဲ့ရင်" ဆိုသောစာကြောင်းကို "ဘုရားသခင်သည် လူတွေကို မဖွင့်ပြခဲ့လျှင်" သို့မဟုတ် "ဘုရားသခင်သည်လူတွေနဲ့စကားမပြောခဲ့လျှင်" သို့မဟုတ် "လူတွေကြားမှာ ဘုရားသခင်သည် မည်သူဖြစ်သည်ဟူ၍မဆက်သွယ်ခဲ့ရင်" ဟူ၍ ပြန်ဆိုနိုင်သည်။