my_tw/bible/kt/prophet.md

5.9 KiB

ပရောဖက်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ပရောဖက်" သည် ဘုရားသခင်၏ သတင်းစကားတော်ကို လူများဆီသို့ ဖွင့်ဟပြောဆို သောသူဖြစ်သည်။ ဤကဲ့သို့ဖွင့်ဟပြောဆိုသော အမျိုးသမီးကို "ပရောဖက်မ" သို့မဟုတ် "အမျိုးသမီးပရောဖက်"ဟု ခေါ်သည်။

  • ပရောဖက်များသည် လူများကို ဘုရားသခင်ကို နာခံဖို့နှင့် အပြစ်မှနောင်တရပြီး ပြန်လှည့်ကြရန် သတိပေးခဲ့ကြသည်။
  • "ပရောဖက်ပြုခြင်း" ဟူသော ပရောဖက်များ ဖွင့်ဟပြောဆိုသော သတင်းစကားဖြစ်သည်။ "ပရောဖက်ပြုခြင်း" ဆိုသည်မှာ ဘုရား၏သတင်းစကားတော်များကို ပြောဆိုခြင်းဖြစ်သည်။
  • တခါတရံ ပရောဖက်ပြုချက်များသည် အနာဂါတ်တွင်ဖြစ်လာမည့်အရာများဖြစ်သည်။
  • ဓမ္မဟောင်းကျမ်းမှ ပရောဖက်ပြုချက်များသည် ပြည့်စုံခဲ့ကြပြီးဖြစ်သည်။
  • သမ္မာကျမ်းစာထဲမှ ပရောဖက်များရေးသားထားသော စာအုပ်များကို "ပရောဖက်ကျမ်းများ" ဟုခေါ်ဆိုသည်။
  • "ပရောဖက်များနှင့် ပညတ်တော် (ဉပဒေ)" ဟူသော စကားစုသည် ဓမ္မဟောင်းကျမ်းဟု သိမှတ်ခဲ့ကြသော ဟေဗြဲ သမ္မာကျမ်းစာကိုလည်း ရည်ညွန်းတတ်သည်။
  • "ပရောဖက်" ဟူဆိုသော အသုံးနှုန်းကို "အာရုံဖြင့် ကြိုမြင်သောသူ" သို့မဟုတ် "မြင်သောသူ" ဟူ၍ ရှေးတွင် အသုံးပြုခဲ့သည်။
  • တခါတရံ "အာရုံဖြင့် ကြိုမြင်သောသူ" ဟူသောအသုံးအနှုန်းဖြစ်သည်" မှားယွင်သသော ပရောဖက် သို့မဟုတ် ဂမ္ဘီရဉာဏ်ကို ကျင့်သုံးသောသူကိုရည်ညွှန်းထားသည်။

ဘာသာပြန်အကြံပြုချက်

  • "ပရောဖက်" ဟူသော အသုံးနှုန်းကို "ဘုရားသခင်၏ ပြောရေးဆိုခွင့်ရသူ" "ဘုရားသခင်အတွက် ပြောသောသူ" သို့မဟုတ် "ဘုရားသခင်၏ သတင်းစကားတော်ကို ပြောသောသူ" ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။
  • "အာရုံဖြင့် ကြိုမြင်သောသူ" ဟူဆိုသော အသုံးအနှုန်းကို "ရူပါရုံများကို မြင်သောသူ" သို့မဟုတ် "ဘုရားထံတော်မှ အနာဂါတ်ကိုမြင်သောသူ" ဟူ၍ ဘာသာပြန်ဆိုနိုင်ပါသည်။
  • "ပရောဖက်မ" သို့မဟုတ် "အမျိုးသမီးပရောဖက်" ဟူဆိုသော အသုံးနှုန်းကို "ဘုရားသခင်အတွက်ပြောရေးဆိုခွင့်ရှိသောအမျိုးသမီး" "ဘုရားသခင်အတွက်ပြောဆိုသောသူ" သို့မဟုတ် "ဘုရားသခင်၏ သတင်းစကားတော်ကို ပြောသောသူ" ဟူ၍ဘာသာပြန်ဆိုနိုင်သည်။
  • "ပရောဖက်ပြုခြင်း" ကို ဘာသာပြန်ရာတွင် "ဘုရားသခင်ထံမှသတင်းစကား" သို့မဟုတ် " ပရောဖက် သတင်းစကား" များ ပါဝင်နိုင်သည်။
  • "ပရောဖက်ပြုခြင်း" ဟူဆိုသော အသုံးအနှုန်းကို "ဘုရားသခင်ထံမှ သတင်းစကားကိုဖွင့်ဟပြောဆိုခြင်း" သို့မဟုတ် " ဘုရားသခင်၏ သတင်းစကားတော်" ကို ပြောဆိုခြင်းဖြစ်သည်။
  • တင်စားပုံဖော်ထားသော "ပရောဖက်များ နှင့် ပညတ်တော် (ဉပဒေ) " ကိုလည်း ""ပရောဖက်များ နှင့် ပညတ်တော် (ဉပဒေ) များ၏စာအုပ်များ " သို့မဟုတ် "ဘုရားသခင်၏ပညတ်တော် (ဉပဒေ)ပရောဖက်များဟောပြောခဲ့သောအရာများနှင့် ဘုရားသခင်နှင့် သူ၏လူမျိုးတော်များအကြာင်းရေးသားထားသောအရာများ" ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။