my_tw/bible/kt/pray.md

3.2 KiB

ဆုတောင်းသည်၊ ဆုတောင်းခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဆုတောင်းခြင်း ဟူသော စကားလုံးသည် ဘုရားသခင်ထံ စကားပြောခြင်း ကိုရည်ညွန်းသည်။ ဤစကားလုံးသည် မမှန်ကန်သော ဘုရားထံ စကားပြောဆိုခြင်းကိုလည်း ရည်ညွန်းသည်။

  • ဘုရားသခင်ထံ အသံမထွက်အောင် စိတ်ထဲ၌လည်း စကားပြော ဆုတောင်းနိုင်သကဲ့သို့ အသံကျယ်လောင်စွာလည်း စကားပြော ဆုတောင်းနိုင်သည်။ တခါတရံ ဒါဝိဒ်မင်းကြီးက ဆာလံကျမ်း၌ ဆုတောင်းခြင်းကို ရေးထားသကဲ့သို့ ဆုတောင်း၍ရသည်။
  • ဆုတောင်းခြင်းဟူသည့် စကားလုံးသည် ဘုရားသခင်၏ သနားခြင်းကို တောင်းခံခြင်း၊ ဘုရားသခင်၏ အကူအညီကို တောင်းခံခြင်းနှင့် ဉာဏ်ပညာကို တောင်းခံခြင်းများလည်း ပါသည်။
  • မကျန်းမာသော သူများအတွက် ပြန်လည်ကျန်းမလာရေး အတွက် ဆုတောင်းကြသည်။
  • တချို့သောသူများက ဘုရားသခင်ထံ ဆုတောင်းလျှင် ဘုရားသခင်ကို ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းများကိုလည်း လုပ်တတ်ကြသည်။
  • ဆုတောင်းရာတွင် မိမိအပြစ်ကို ဘုရားသခင်ထံ ဝန်ခံခြင်း၊ အပြစ်လွှတ်ရန် တောင်းပန်ခြင်း စသည်တို့လည်းပါသည်။
  • ဘုရားသခင်ထံ စကားပြောခြင်းသည် ဘုရားသခင်၏ ဝိညာဉ်ထံသို့ ကျွန်တော်တို့၏ ဝိညာဉ်ဖြင့် စကားပြော၍ ကျွန်တော်တို့၏ ခံစားချက်များကို ဖွင့်ဟခြင်း ဖြစ်သည်။
  • ဆုတောင်းခြင်း ဟူသောစကားလုံးကို ဘုရားသခင်ထံ စကားပြောခြင်း သို့မဟုတ် ဘုရားသခင်နှင့် အဆက်အသွယ်ပြုခြင်း ဟူ၍လည်း ဘာသာပြန်နိုင်သည်။ ဤအရာ၌ အသံမထွက်အောင် ဆုတောင်းခြင်းလည်း ပါသည်။