my_tw/bible/kt/power.md

3.2 KiB

တန်ခိုး၊ တန်ခိုးများ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တန်ခိုး ဟူသောစကားလုံးသည် အမှုအရာတစ်ခုခုကို လုပ်နိုင်စွမ်း ရှိသော အရည်အချင်း ဟုအဓိပ္ပါယ် ရသည်။ တန်ခိုးဟူသည် လူ သို့မဟုတ် ဝိညာဉ်တို့၏ တတ်စွမ်းနိုင်သော အရည်အချင်းကို ရည်ညွှန်းသည်။

  • ဘုရားသခင်၏ တန်ခိုးဟုဆိုရာတွင် လူသားတွေမလုပ်နိင်သော အရာများကို ဘုရားသခင်၏ အစွမ်းဖြင့် ဖြစ်နိုင်ဖွယ် ရှိခြင်းများကို ဆိုလိုသည်။
  • ဘုရားသခင်သည် အရာခပ်သိမ်းများကို ဖန်ဆင်းရာတွင် ပြည့်စုံသော တန်ခိုး ရှိသည်။
  • ဘုရားသခင်သည် သူလိုချင်သော အရာများကို လုပ်နိုင်ကြရန် အနာရောဂါ ငြိမ်းစေခြင်းနှင့် ထူးဆန်းသော တန်ခိုးများပြနိုင်ခြင်း တန်ခိုးကို ပေးတော်မူ၏။
  • ခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် သုံးပါးတစ်ဆူ ဘုရားတွင် အပါအဝင်ဖြစ်သောကြောင့် တန်ခိုးအာဏာ အညီအမျှရှိကြသည်။

ဘာသာပြန် အကြံပေးချက်

  • အခြေအနေများပေါ်မူတည်၍ တန်ခိုး ဟူသော စကားလုံကို အစွမ်းသတ္တိ သို့မဟုတ် ခွန်အား သို့မဟုတ် အင်အား သို့မဟုတ် ထူးဆန်းသော တန်ခိုးများ ပြနိုင်သော စွမ်ရည် သို့မဟုတ် ထိန်းချုပ်နိုင်စွမ်း ဟူ၍လည်း ဘာသာပြန်နိုင်သည်။
  • ဖြစ်နိုင်ဖွယ်များသော စကားလုံးများမှာ တန်ခိုးကြီးသော သက်ရှိ သို့မဟုတ် ဝိညည်များကို ထိန်းချုပ်နိုင်စွမ်း သို့မဟုတ် သူတပါးကို ထိန်းချုပ်သော သူများ ဟူ၍ဖြစ်သည်။
  • ရန်သူများ၏ လက်မှ ကယ်နုတ်ခြင်း သို့မဟုတ် ချုပ်ခြယ်မှုများမှ ကယ်နုတ်ခြင်း ဟူ၍လည်း ဘာသာပြန်နိုင်သည်။