my_tw/bible/kt/passover.md

3.4 KiB

ပသခါပွဲ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ပသခါပွဲဟူသည် ဘာသာရေးပွဲတစ်ခုဖြစ်၍ ဣသရေလလူမျိုးများ အဲဂုတ္တုပြည် ကျွန်ခံရာမှကယ်တင်ခဲ့သည့်အကြောင်းကို အမှတ်ရရန် ယုဒလူမျိုးများနှစ်စဉ်ကျင်းပသည့် ဘာသာရေးပွဲတော်ဖြစ်သည်။

  • ဤပွဲသည် ဘုရားသခင်က သူ၏ လူမျိုးများနေထိုင်ရာ အိမ်ကို ကျော်၍ ချမ်းသာရပြီး အခြားအဲဂုတ္တုအမျိုးသားများ အိမ်သို့ ဝင်ကာ သူတို့၏ သားဦးကိုသတ်ဖြတ်သည့် အင်္ဂလိပ်စကား "passed-over" မှ ဆင်းသက်လာသည်။
  • ပသခါပွဲကျင်းပရာတွင် အပြစ်အနာအဆာကင်းသော သိုးသူငယ်ကိုသတ်၍ မီးကင်ပြီး တံဆေးမပါသောပေါင်မှုန့်ကို စားသုံးကြပါသည်။ ဤအစာများသည် ဣသရေလလူမျိုးများ အဲဂုတ္တုပြည်မှသူတို့မထွက်ခွာမီ ညအချိန်တွင် စားသုံးခဲ့သော အစားအစာကိုပြန်လည်သတိရရန်ဖြစ်ပါသည်။
  • ဣသရေလလူမျိုးများသည် ဤအစားအစာများကို နှစ်စဉ်စားသုံးခြင်းအားဖြင့်သူတို့အိမ်ကိုဘုရားသခင်၏ ချမ်းသာပေးခြင်းနှင့် အဲဂုတ္တုပြည်် ကျွန်ခံရာမှလွှတ်မြောက်စေသည့် အဖြစ်ကို ပြန်လည်သတိရရန် ထာဝရဘုရား အမိန့်တော်် ပေးခဲ့ပါသည်။

ဘာသာပြန်အကြံပြုချက်

  • ပသခါပွဲဟူသော ဝေါဟာရသည် ကျော်ဖြတ် နှင့် တစ်ဖက်သို့ စကားလုံးနှစ်ခုပေါင်းစပ်ခြင်းကိုဘာသာပြန်ဆိုခြင်း သို့မဟုတ် ဤအဓိပ္ပါယ်ရှိသောအခြားစကားလုံးများပေါင်းစပ်ပြီးဘာသာပြန်ဆိုခြင်းဖြစ်နိုင်ပါသည်။
  • ဤပွဲတော်၏အမည်သည် ဘုရားသခင်၏ကောင်းကင်တမန်ကဣသရေလလူမျိုးတို့၏အိမ်ကိုကျော်ဖြတ်၍သူတို့၏သားများစေးနဲကိုခြင်းဖော်ပြရာတွင်အသုံးပြုသောစကားလုံးနှင့်ဆက်စပ်မှုရှိရန်အကူအညီပေးပါသည်။