my_tw/bible/kt/lordssupper.md

2.6 KiB

သခင်ဘုရားညစာ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တမန်တော်ရှင်ပေါလုပြောသော "သခင်ဘုရားညစာ" ဟူသည်မှာ သခင်ယေရှုသည် ရန်သူလက်သို့အပ်နှံခြင်းခံရသောညမှာ သူ့တပည့်တော်များနှင့်အတူစားသုံးခဲ့သော ပသခါညစာကိုဆိုလိုခြင်းဖြစ် သည်။

  • ဤသို့ညစာစားသေက်စဉ်တွင် ယေရှုက ပသခါမုန့်ကို ယူ၍ အပိုင်းပိုင်းချိုးဖဲ့ခဲ့သည်။ ထိုချိုးဖဲ့ခံမုန့် ကိုလည်း မကြာမီချိုးဖဲ့ခံမည့် သူ၏ ခန္ဓာကိုယ်ဟု ခေါ်ဆိုခဲ့သည်။
  • စပျစ်ရည်ခွက်ကိုလည်း အပြစ်ဖြေရန် မကြာမီသွန်းလောင်းမည့် သူ၏ အသွေးတော်ဖြစ်သည်ဟု ပြောခဲ့သည်။
  • ယုံကြည်သူများ ဤအစားစာကိုစားသုံးတိုင်း ယေရှု၏ အသေခံတော်မူခြင်း နှင့် ရှင်ပြန်ထမြောက် တော်မူခြင်းကို အောက်မေ့သတိရရန် ယေရှုကိုယ်တော်တိုင်မိန့်ကြားခဲ့သည်။
  • ကောရိန္သုဩဝါဒစာတွင် ရှင်ပေါလုက သခင်ဘုရားညစာသည် ယုံကြည်သူတိုင်းခရစ်တော်၌ အမြဲကျင့်ဆောင်ရမည့်ညစာဖြစ်ကြောင်း လမ်းညွှန်ထားခဲ့သည်။
  • ယနေ့ခေတ်အသင်းတော်များတွင် သခင်ဘုရားညစာကို "ပွဲတော်မင်္ဂလာ" ဟုခေါ်ဆိုကြသည်။

ဘာသာပြန်အကြံပြုချက်

  • "သခင်ဘုရားညစာကို" "သခင်ဘုရားအစာ" ဟူ၍လည်းကောင်း "သခင်ဘုရားကိုအောက်မေ့သော အစာ" ဟူ၍လည်းကောင်း ဘာသာပြန်ဆိုနိုင်သည်။