my_tw/bible/kt/lastday.md

1.7 KiB

နောက်ဆုံးသောကာလ၊ နောက်ဆုံးသောနေ့ရက်များ၊ နောက်ကာလများ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"နောက်ဆုံးသောကာလ" (သို့) "နောင်ကာလများ" ဝေါဟာရတို့ သည် လက်ရှိအချိန်ကာလ၏ အဆုံးပိုင်းကို ယေဘုယျအားဖြင့် ရည်ညွန်းသည်။

  • ဤအချိန်ကာလ မည်မျှကြာမြင့်မည်ကို မသိရပေ။
  • "နောက်ဆုံးသောနေ့ရက်များ"ဆိုသည်မှာ ဘုရားသခင်ထံမှ ကျောခိုင်းသွားသောသူများကို တရားစီရင်မည့် အချိန်ကာလ ကို ဆိုလိုခြင်းဖြစ်သည်။

ဘာသာပြန် အကြံပြုချက်များ

  • "နောက်ဆုံးသော နေ့ရက်များ" ဟူသည့် ဝေါဟာရကို "နောက်ဆုံးသောကာလများ" သို့မဟုတ် "အချိန်ကာလ၏အဆုံး" စသည်ဖြင့် ဘာသာပြန်ဆိုနိုင်သည်။
  • အချို့သော အကြောင်းအရာများတွင် "ကမ္ဘာကြီး၏ အဆုံး" သို့မဟုတ် "ကမ္ဘာကြီးဆုံးသောအခါ" စသည်ဖြင့် ဘာသာပြန်ဆိုနိုင်သည်။