my_tw/bible/kt/israel.md

1.6 KiB

ဣသရေလ၊ ဣသရေလအမျိုး၊ ဣသရေလပြည်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဣသရေလ" ဟူသောအမည်ကို ဘုရားသခင်က ယာကုပ်အားပေးသည့် အမည်ဖြစ်သည်။ ဘုရားသခင်နှင့် ပြိုင်၍လုံးပန်းသည်ဟု အဓိပ္ပါယ်ရ၏။

  • ယာကုပ်၏ အမျိုးအနွယ်များကို ဣသရေလလူမျိုးဟု ခေါ်သည်။
  • ဘုရားသခင်သည် ဣသရေလလူမျိုးများနှင့် ကတိသစ္စာပြုကာ သူ့လူမျိုးဟူ၍ ရွေးယူခဲ့သည်။
  • ဣသရေလလူမျိုးတွင် မျိုးနွယ် ၁၂ ပါးရှိသည်။
  • ရှောလမုန်မင်းကြီးဆုံးသွားပြီးနောက် မကြာမြင့်မှီ ဣသရေလလူမျိုး ၂ ခြမ်းကွဲသွားပြီး တောင်ဘက်ခြမ်းကို ယုဒပြည် ဟုခေါ်ပြီး၊ မြောက်ဘက်ခြမ်းကို ဣသရေလဟူ၍ ခေါ်ကြသည်။
  • ဣသရေလကို ဣသရေလလူမျိုးများ သို့မဟုတ် ဣသရေလအမျိုးဟူ၍ အခြေအနေပေါ်မူတည်၍ ပြောဆိုကြ၏။