my_tw/bible/kt/iniquity.md

2.4 KiB

ဒုစရိုက်၊ မကောင်းမှု၊ လွန်ကျူးခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

လွန်ကျူးခြင်း သည် အပြစ် နှင့်အလွန်ဆင်တူသည့်စကားလုံးဖြစ်သည်၊ သို့သော်လည်း သိလျက်နှင့်ပြုလုပ်သည့်အမှား သို့မဟုတ် ကြီးမားသောမှားယွင်းခြင်းကို ပို၍ရည်ညွှန်းသည်။

  • လွန်ကျူးခြင်း ဆိုသည့်စကားလုံး၏တိုက်ရိုက်အဓိပ္ပါယ်သည် လိမ်လှည့်ခြင်း သို့မဟုတ် ပုံဖျက်ခြင်း ဟုအဓိပ္ပါယ်ရှိသည်။ ကြီးမားသော မတရားခြင်းကို ရည်ညွန်းသည်။
  • လွန်ကျူးခြင်း ကိုတမင်ရည်ရွယ်သော အခြားသူများကို အန္တရာယ်ဖြစ်နိုင်သောအပြုအမူများ ကိုလည်းဆိုလိုနိုင်သည်။
  • လွန်ကျူးခြင်း၏ အခြားအဓိပ္ပါယ်များမှာ ဆိုးဝါးသောအပြစ်များကိုဖော်ပြသည့် ဖောက်ပြန်မှု နှင့် ဆိုးယုတ်ပျက်ပြားခြင်း တို့ဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • လွန်ကျူးခြင်း ဆိုသည့်ဝေါဟာရကို ဆိုးယုတ်ခြင်း၊ ဖောက်ပြန်သောအပြုအမူများ သို့မဟုတ် အန္တရာယ် ရှိသော အပြုအမူများ ဟုလည်းပြန်ဆိုနိုင်သည်။
  • လွန်ကျူးခြင်း သည် အပြစ်နှင့် ဖောက်ပြန်ခြင်း ဟူ၍ပါလေ့ရှိသည်။ ၎င်းဝေါဟာရကို မတူညီအောင်ဘာသာပြန်ဖို့လိုသည်။