my_tw/bible/kt/inchrist.md

2.8 KiB

ခရစ်တော်၌၊ ယေရှု၌၊ သခင်ဘုရား၌၊ သူ၌

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ခရစ်တော်၌ ဟူသည့်စကားစုနှင့် ဆက်စပ်အသုံးအနှုန်းများသည် ယုံကြည်ခြင်းအားဖြင့် ယေရှုခရစ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်းကို ရည်ညွန်းသည်။

  • အခြားဆက်စပ်စကားစုများမှာ ခရစ်တော်ယေရှု၌၊ ယေရှုခရစ်တော်၌၊ သခင်ယေရှု၌၊ သခင်ယေရှုခရစ်တော်၌ တို့ဖြစ်သည်။
  • ခရစ်တော်၌ ဟူသည့်စကားစု၏ ဖြစ်နိုင်ချေရှိသောအဓိပ္ပါယ်များမှာ ခရစ်တော်၌ရှိသောကြောင့်၊ ခရစ်တော်နှင့်သင်ရှိသောမိတ်သဟာယအားဖြင့် သို့မဟုတ် ခရစ်တော်၌သင်၏ယုံကြည်ခြင်းပေါ်မူတည်၍ တို့ဖြစ်သည်။
  • ဆက်စပ်သောအသုံးနှုန်းများအားလုံးသည် ယေရှု၌ ယုံကြည်ခြင်းနှင့်သူ့တပည့်တော်ဖြစ်ခြင်း ဟူသည့်အဓိပ္ပါယ်ရှိသည်။
  • မှတ်ချက်။ တစ်ခါတစ်လေ "၌" သည် "ကြိယာ" နှင့်တွဲလေ့ရှိသည်။ ဥပမာ၊ "ခရစ်တော်၌တူညီခြင်း" သည် "ခရစ်တော်ကိုသိကျွမ်ခြင်းမှရရှိသောအကျိုးကျေးဇူးများကို အတူရရှိခြင်း ကိုဆိုလိုသည်။ "ခရစ်တော်၌ဘုန်းကြီးခြင်း" သည် ယေရှုခရစ်တော်၏ဖြစ်ခြင်းနှင့်သူလုပ်ပေးခဲ့သည့်အရာများအတွက် ဝမ်းမြောက်ခြင်းနှင့် ဘုရားသခင်ကို ချီးမွမ်းခြင်း ကိုဆိုလိုသည်။ ခရစ်တော်၌ယုံကြည်ခြင်း သည် သူ့ကိုသိကျွမ်းခြင်းနှင့် ကယ်တင်ရှင်အဖြစ်ကိုးစားခြင်းကို ဆိုလိုသည်။