my_tw/bible/kt/compassion.md

2.9 KiB

သနားဂရုဏာ၊ မေတ္တာဂရုဏာကြီးမားသော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"သနားဂရုဏာ" ဟူသောစကားသည် အခြားသူများအပေါ် အထူးသဖြင့်နာကျင်ခံစားနေရသူများအပေါ်တွင် ဂရုဏာထားသည့်အသုံးအနှုန်းဖြစ်သည်။ "သနားဂရုဏာထားသောသူသည်" အခြားသူများကို ဂရုစိုက်ပြီး ကူညီတတ်သည်။

  • "သနားဂရုဏာ" ဆိုသည်မှာ လိုအပ်နေသူကိုကူညီပေးခြင်း၊ ဂရုစိုက်ဖေးမခြင်းဖြစ်သည်။
  • ကျမ်းစာထဲတွင် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၊ သနားဂရုဏာနှင့်ပြည့်ဝကြောင်းဖော်ပြထားသည်။
  • ကောလောသဲ အသင်းတော်ထံစာရေးသားရာတွင် မိမိကိုယ်ကို သနားခြင်းဂရုဏာနှင့်ရစ်ပတ်ရန် ပေါလုက တိုက်တွန်းထားသည်။ အခြားသူများကို ဂရုပြုရန်၊ လိုအပ်သူများကို တက်ကြွစွာကူညီရန် ဖော်ပြထားပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • "သနားဂရုဏာ" ဟူသောစကား၏ လုံးကောက်အဓိပ္ပာယ်မှာ "သနားခြင်းခွက်ဖလား" ဖြစ်သည်။ "သနားခြင်း"၊ "ဂရုဏာထားခြင်း" ဟုအဓိပ္ပာယ်ရှိပါသည်။ အခြားသော ဘာသာစကားတွင်လည်း ထိုကဲ့သို့အဓိပ္ပာယ်ရှိမည်ဖြစ်သည်။
  • "သနားဂရုဏာ" ကိုဘာသာပြန်ရာတွင် "နက်ရှိုင်းစွာဂရုပြုခြင်း"၊ "အဓိပ္ပာယ်ရှိသောသနားခြင်း" စသည်ဖြင့်ပြန်ဆိုနိုင်သည်။
  • "မေတ္တာဂရုဏာကြီးမားသော" ဟူသောစကားသည် "ကူညီဖေးမခြင်း၊ အမှန်တကယ်ချစ်ခင်သနားခြင်း" ဟူသောအဓိပ္ပာယ်ဖြင့်လည်းဘာသာပြန်ဆိုနိုင်ပါသည်။