2.0 KiB
2.0 KiB
အလွန်ချစ်ခင်သော
အသုံးအနှုန်းများ၏အဓိပ္ပါယ်
ဤအသုံးအနှုန်းမှာ အချစ်ခံရသောသူ ကိုဖော်ပြသုံးနှုန်းသောစကားဖြစ်သည်။
- အဓိပ္ပါယ်မှာ အချစ်ခံရသောသူဖြစ်သည်။
- ဘုရားသခင်က ယေရှုကို ချစ်သား ဟုပြောဆိုခဲ့သည်။
- ခရစ်ယာန်အသင်းတော်များဆီစာရေးသားရာတွင် တမန်တော်များသည် ယုံကြည်သူများကို ချစ်ခင်ရသောသူများ ဟုနှုတ်ဆက်ရေးသားလေ့ရှိသည်။
ဘာသာပြန်အကြံပြုချက်များ
- ဤအသုံးအနှုန်းကို အချစ်ခံရသူ၊ ချစ်လှစွာသော၊ အလွန်နှစ်သက်သော ဟုဘာသာပြန်ဆိုနိုင်သည်။
- ခင်မင်ရင်းနှီးသော သူငယ်ချင်း၊ မိတ်ဆွေ ဟုလည်အသုံးပြုနိုင်သည်။ ချစ်လှစွာသော သူငယ်ချင်းပေါလု ဟုလည်းအင်္ဂလိပ်စာအသုံးအနှုန်းရှိသည်။ မိမိဘာသာစကားနှင့်အဆင်ပြေစွာအသုံးပြုနိုင်သည်။
- ချစ်လှစွာသော ဆိုသောစကားမှာ ဘုရား၏ချစ်ခြင်းမှဆင်းသက်လာပြီး အတိုင်းအတာမရှိ၊ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိ၊ ပေးဆပ်သောချစ်ခြင်းဖြစ်သည်။