my_tw/bible/kt/antichrist.md

2.5 KiB

အန္တိခရစ်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

အန္တိခရစ် ဆိုသည်မှာ ယေရှုခရစ်တော်နှင့်သွန်သင်ချက်များကို ဆန့်ကျင်ပြီးဟောပြောသင်ကြားသူကိုဆိုလိုပါသည်။ ကမ္ဘာပေါ်တွင် အန္တိခရစ်များစွာရှိသည်။

  • ခရစ်တော်သည် မေရှိယမဟုတ်ကြောင်း အခြားသူများကိုလိမ်လည်ပြောကြားသောသူ၊ ခရစ်တော်သည် ဘုရား၊ လူသားနှစ်မျိုးဖြစ်သည်ကို မယုံကြည်သောသူကို အန္တိခရစ်ဖြစ်သည်ဟု တမန်တော် ယောဟန်ကရေးသားခဲ့သည်။
  • ယေရှုလုပ်ဆောင်ခဲ့သောအရာကိုဆန့်ကျင်သော ဝိညာဉ်များလည်းရှိကြောင်း သမ္မာကျမ်းစာထဲတွင်ရေးသားထားသည်။
  • ဓမ္မသစ်ကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းစာထဲတွင် နောက်ဆုံးသောကာလ၌ အန္တိခရစ် ပေါ်ထွန်းလာမည်ဖြစ်ပြီး ဘုရားသခင်၏လူများကိုဖျက်စီးမည်၊ သို့သော်ခရစ်တော်က ထိုသူကိုအနိုင်ယူမည်ဖြစ်ကြောင်းရှင်းပြထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားကို အခြားစကားလုံးအနေဖြင့် ခရစ်တော်ကိုဆန့်ကျင်သူ၊ ခရစ်တော်၏ရန်သူ၊ ခရစ်တော်နှင့်ဆန့်ကျင်သောသူ ဟုသုံးနှုန်းနိုင်သည်။
  • အန္တိခရစ်၏ဝိညာဉ် ဟူသောစကားလုံးကို ခရစ်တော်နှင့်ဆန့်ကျင်သော ဝိညာဉ်ဟုလည်း သုံးနှုန်းနိုင်သည်။