my_tw/bible/kt/adultery.md

3.1 KiB

အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်သော၊ မယားငယ်နေသူ၊ လင်ငယ်နေသူ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤစကားလုံးသည် အိမ်ထောင်ရှိသူက မိမိလင်၊ မိမိမယားမဟုတ်သူနဲ့လိင်မှုကိစ္စကျူးလွန်ခြင်းအပြစ်ကို ဆိုလိုပါသည်။ အိမ်ထောင်ရေးဖောက်ပြန်သော ဆိုသည့်စကားသည်ထိုကဲ့သို့သောအမူအရာ၊အပြစ်ကျူးလွန်သူကိုရည်ညွှန်းပါသည်။

  • မယားငယ်နေသူသည် ဖောက်ပြန်သောယောကျာ်းတိုင်းကိုဆိုလိုပါသည်။
  • လင်ငယ်နေသူ သည်ဖောက်ပြန်သောမိန်းမတိုင်းကို ဆိုလိုပါသည်။
  • အိမ်ထောင်ရေးဖောက်ပြန်သူများသည် လက်ထပ်စဉ်အခါကပြုခဲ့ပြီးသော ပဋိညာဉ်ကိုဖောက်ဖျက်ခြင်းဖြစ်သည်။
  • ဘုရားသခင်က ဣသရေလလူမျိုးအား အိမ်ထောင်ရေးမဖောက်ပြန်ရန် ပညတ်ထားသည်။
  • ဖောက်ပြန်ခြင်း ဟူသောဝေါဟာရကို ဣသရေလလူမျိုးများ ဘုရားကိုမကိုးကွယ်ဘဲ အခြားဘုရားများကို ကိုးကွယ်သည့်အခါတွင်ပုံဥပမာဆောင်၍ ရေးသားလေ့ရှိသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဘာသာပြန်ဆိုရမည့် ဘာသာတွင် ဖောက်ပြန်ခြင်းဆိုသည့် တိကျသောစကားလုံးမရှိပါက အခြားသူ၏မိန်းမနှင့်လိင်မှုကိစ္စကျူးလွန်ခြင်း သို့မဟုတ် အခြားယောကျ်ားနှင့်ကျူးလွန်ခြင်း ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။
  • အချို့ဘာသာစကားတွင် ဖောက်ပြန်ခြင်းကိုသွယ်ဝိုက်၍ဖော်ပြသောစကားများရှိသည်။ အခြားသူ၏ယောကျာ်း၊မိန်းမနှင့်အိပ်ခြင်း သို့မဟုတ် မိမိဇနီးမယားအပေါ်သစ္စာမရှိခြင်း ဟူ၍ဖြစ်သည်။