my_tw/bible/kt/inherit.md

25 lines
7.0 KiB
Markdown
Raw Permalink Normal View History

2021-02-22 16:43:03 +00:00
# အမွေခံရသည်၊ အမွေခံခြင်း၊ အမွေအနှစ်၊ အမွေခံ
2021-02-22 16:58:25 +00:00
## အသုံးအနှုန်းများ၏အဓိပ္ပါယ်
2021-02-22 16:43:03 +00:00
အမွေခံရသည်နှင့် အမွေခံခြင်း သည် အထူးဆက်နွယ်မှုကြောင့်မိဘမှ သို့မဟုတ် အာခြားပုဂ္ဂိုလ်ထံမှ ရရှိသော အဖိုးတန်အရာကိုဆိုလိုသည်။ အမွေခံ သည် အမွေကိုရရှိသောသူဖြစ်သည်။
* ကိုယ်ကာယ အမွေခံခြင်းသည် ငွေ၊ မြေ၊ သို့မဟုတ် အခြားပိုင်ဆိုင်မှုများဖြစ်နိုင်သည်။
* ဝိညာဉ်အမွေခံခြင်းသည် ယခုဘဝရှိကောင်းကြီးမင်္ဂလာနှင့် သူနှင့်အတူရရှိမည့်ထာဝရအသက်အပါအဝင် ယေရှုကိုကိုးစားခြင်းကြောင့် ဘုရားသခင်ပေးတော်မူသောအရာအားလုံးကိုဆိုလိုသည်။
* သမ္မာကျမ်းစာကဘုရားသခင်ရဲ့လူများကိုသူ့ရဲ့ အမွေခံဟုလည်းခေါ်သည်၊ ဆိုလိုသည်မှာ သူတို့ကိုပိုင်သည်၊ သူတို့သည် သူ၏အဖိုးတန်ပိုင်ဆိုင်မှုများဖြစ်သည် ဟုဆိုလိုခြင်းဖြစ်သည်။
* ဘုရားသခင်သည် အာဗြဟံနှင့်သူ့မျိုးဆက်များကို ခါနန်ပြည်ကိုအမွေခံရမည်ဟု ကတိပေးခဲ့သည်၊ ဆိုလိုသည်မှာ ၎င်းမြေကို သူတို့ထာဝရပိုင်ဆိုင်မည် ဟုဆိုလိုသည်။
* ဘုရားသခင်ကို ယုံကြည်သူများသည် ထိုပြည်တော်ကိုအမွေခံသည် ဟု ဝိညာဉ်ပိုင်းနှင့်ပါတ်သက်၍ ပုံနှိုင်းဖော်ပြမှုလည်းရှိသည်။ ဆိုလိုသည်မှာ သူတို့သည် ကာယာပိုင်းဆိုင်နှင့်ဝိညာဉ်ပိုင်းနှစ်ခုစလုံးတွင် ကောင်းစားမည်၊ ဘုရားကောင်းကြီးပေးခံရမည် ဟုဆိုလိုသည်။
* သမ္မာသစ်ကျမ်းစာတွင် ယေရှုကိုယုံကြည်သောသူများသည် ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို အမွေခံရမည်ဖြစ်ကြောင်း ဘုရားသခင်ကတိပေးထားသည်။ ဘုရားသခင်၏နိုင်ငံတော် အမွေခံခြင်းဟုလည်း ဖော်ပြထားပြီး ထာဝရတည့်တံ့မည့် ဝိညာဉ်ရေးရာအမွေခံခြင်းကို ဆိုလိုသည်။
* ဤဝေါဟာရများအတွက် အခြားခိုင်းနှိုင်းအဓိပ္ပါယ်များလည်းရှိသည်။
* ပညာရှိသောသူများသည် ဘုန်းတော်ကိုအမွေခံရကြမည်၊ ဖြောင့်မတ်သောသူများသည် ကောင်းသောအရာများကို အမွေခံကြလိမ့်မည်ဟု သမ္မာကျမ်းစာကပြောသည်။
* "ကတိတော်များကိုအမွေခံခြင်း" သည် ဘုရားသခင်သူ့လူများကိုကတိပေးထားသည့် ကောင်းသောအရာများကို ရရှိခြင်း ကိုဆိုလိုသည်။
* ဤဝေါဟာရကို မိုက်မဲသောသူများ သို့မဟုတ် နာခံခြင်းမရှိသောသူများသည် လေကိုအမွေခံမည်၊ မိုက်မဲမှုကို အမွေခံကြမည် ဟူသည့် ဆန့်ကျင်အဓိပ္ပါယ်များနှင့်လည်းသုံးသည်။ ဆိုလိုသည်မှာ သူတို့သည် ပစ်ဒဏ်ပေးခံရခြင်းနှင့် အကျိုးမရှိသောအသက်ရှင်ခြင်း အပါအဝင် မိမိတို့ပြုလုပ်သည့်အပြစ်များအတွက်အကျိုးဆက်များကို ခံရမည်ဖြစ်ကြောင်း ဆိုလိုသည်။
2021-02-22 16:58:25 +00:00
## ဘာသာပြန်အကြံပြုချက်များ
2021-02-22 16:43:03 +00:00
2021-02-22 17:45:50 +00:00
* ဦးတည်ဘာသာစကားတွင် အမွေခံနှင့်ပါတ်သက်သည့်အတွေးအခေါ် နှင့် အခေါ်အဝါ်များရှိနှင့်သည်မရှိသေးသည်ကိုထည့်စဉ်းစားပြီးမှ အမြဲတမ်း အသုံးပြုသင့်သည်။
* နောက်ခံအကြောင်းပေါ်မူတည်၍ "အမွေခံသည်" ကို ရရှိသည်၊ ပိုင်ဆိုင်သည် သို့မဟုတ် လက်ဝယ်ရရှိသည် ဟူ၍လည်း ပြန်နိုင်သည်။
* အမွေခံခြင်း သည် ကတိပေးထားသောလက်ဆောင် သို့မဟုတ် သေချာသော ပိုင်ဆိုင်မှု ဟုလည်းပြန်နိုင်သည်။
* ဘုရားသခင်၏လူများကို သူ၏အမွေခံများဟုဆိုရာတွင် "သူပိုင်ဆိုင်သော အဖိုးတန်ပုဂ္ဂိုလ်များ ဟုလည်းဆိုလိုသည်။
* အမွေခံ ဟူသည်စကားလုံးကို "ဖခင်၏ပိုင်ဆိုင်မှုများကိုရရှိသောအခွင့်ထူးခံကလေး သို့မဟုတ် ၎င်းကိုရရှိဖို့ရန် ရွေးချယ်ခံရသော ကလေး" ဟုလည်းပြန်နိုင်သည်။