my_tq/zec/08/16.md

1.3 KiB

လူတွေ မည်သို့ပြုမူနေထိုင်ဖို့ရန် ထာ၀ရဘုရား မိန့်တော်မူခဲ့သနည်း။ အဘယ်ကြောင့်နည်း။

မိမိ၏ အိမ်နီးချင်းများနှင့်အတူ မှန်သော စကားကို ပြော၍ ဂိတ်တံခါးဝမှာ ဖြောင့်မတ်စွာ စီရင်၍ တရားတွေ့သော အမှုကို ငြိမ်းစေခြင်းငှါ ဆုံးဖြတ်ကြလော့ဟု မိန့်တော်မူခဲ့သည်။ တယောက်နှင့်တယောက် မကောင်းသော အကြံကို မကြံကြနှင့်၊ မမှန်သောကျိန်ဆိုခြင်းကို မနှစ်သက်ကြနှင့် ဟု ထာ၀ရဘုရားမိန့်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော အရာရှိသမျှကို ငါမုန်းသည်ဟု ထာ၀ရဘုရားမိန့်တော်မူခဲ့သည်။