my_tq/sng/01/01.md

1.9 KiB

ရှောလမုန် သီချင်းကို မည်သူ ရေးခဲ့သနည်း။

ရှောလမုန်မင်းကြီးသည် ရှောလမုန် သီချင်းကို ရေးခဲ့သည်။

မိန်းမပျိုလေးသည် သူ့ချစ်သခင်အား ဘာလုပ်ရန် တောင်းဆိုခဲ့သနည်း။

မိန်းမပျိုလေးသည် သူ့ချစ်သခင်အား နှုတ်ဆက်သောအနမ်းဖြင့် နမ်းရန် တောင်းဆိုခဲ့ပါသည်။

မိန်းမပျိုလေးသည် မည်သည့်အရာကို စပျစ်ရည်ထက်ချိုသည်ဟု ဆိုလိုသနည်း။

မိန်းမပျိုလေးသည် သူ့ချစ်သခင်၏ မေတ္တာကို စပျစ်ရည်ထက်ချိုသည်ဟု ဆိုပါသည်။

မိန်းမပျိုလေးသည် သူ့ချစ်သူသခင်၏အမည်ကို ဘာနှင့်တူသည်ဟု ပြောခဲ့သနည်း။

မိန်းမပျိုလေးသည် သူ့ချစ်သူသခင်၏အမည်ကို သွန်းလောင်းသော နံ့သာဆီကဲ့သို့ ဖြစ်သည်ဟု ဆိုသည်။

ရှင်ဘုရင်သည် မိန်းမပျိုလေးအား မည်သည့်နေရာတွင် ဆောင်တော်မူခဲ့သနည်း။

ရှင်ဘုရင်သည် မိန်းမပျိုလေးအား သူ၏အခန်းထဲသို့ ဆောင်တော်မူခဲ့သည်။