my_tq/rev/12/03.md

1.3 KiB

ကောင်းကင်၌ အခြား မည်သည့်ကြီးမားသော နိမိတ်ကို မြင်ရသနည်း။

ကောင်းကင်၌ ကြီးမားသော အနီရောင်နဂါးကြီးသည် ဦးခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်အတူ သူ၏ခေါင်းပေါ်တွင် သရဖူခုနစ်ဆူဆောင်းထားသည်ကို မြင်ရပါသည်။

နဂါးကြီးသည် သူ၏အမြီးဖြင့် မည်သို့လုပ်သနည်း။

နဂါးကြီးသည် သူ၏အမြီးဖြင့် ကောင်းကင်မှ ကြယ်သုံးပုံတစ်ပုံကို ဆွဲယူ၍ မြေပေါ်သို့ ပစ်ချပါသည်။

နဂါးကြီးသည် မည်သို့လုပ်ရန် ဆန္ဒရှိသနည်း။

နဂါးကြီးသည် မိန်းမမှ မွေးဖွါးသော သားအား ကိုက်စားဝါးမျိုရန် ဆန္ဒရှိပါသည်။