my_tq/psa/05/09.md

1.4 KiB

ဒါဝိဒ်သည် သူ၏ ရန်သူများအကြောင်းကို မည်သို့ ဖော်ပြထားသနည်း။

"သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးဝါး၏။ သူတို့၏ လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့သည် လျှာနှင့်ချော့မော့တတ်ကြ၏" ဟူ၍ ဒါဝိဒ်သည် သူ၏ ရန်သူများအကြောင်းကို ဖော်ပြထားသည်။

မိမိရန်သူတို့၏ ဘုရားသခင်အပေါ်များစွာသော ပြစ်မှားခြင်းနှင့် ပုန်ကန်ခြင်းများကြောင့် ဒါဝိဒ်သည် ဘုရားသခင်ကို အဘယ်သို့ အမှုပြုရန် တောင်းလျှောက်သနည်း။

မိမိရန်သူတို့၏ အပြစ်များကြောင်းကို ထင်ရှားစေပါမည် အကြောင်း၊ ဒါဝိဒ်သည် ဘုရားသခင်အား တောင်းလျှောက်သည်။