my_tq/psa/05/04.md

1.7 KiB

ဘုရားသခင်သည် အဘယ်အရာကို အလွန်စက်ဆုပ်ရွံ့ရှာတော်မူသနည်း။

ဘုရားသခင်သည် ဆိုးညစ်ခြင်းကို လုံးဝမနှစ်သက်ပေ။ ဆိုးညစ်သောသူများကိုလည်း အတွေ့ခံတော်မမူ။

ဘုရားသခင်၏ မျက်မှောက်တော်၌ အဘယ်သူသည် မဝင်ရမည်နည်း။

မိုက်သောသူသည် ဘုရားသခင်၏ မျက်မှောက်တော်၌ မဝင်ရပါ။

ဘုရားသခင်သည် မည်သူကို မုန်းတော်မူသနည်း။

ဘုရားသခင်သည် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏။

ဘုရားသခင်သည် မုသာပြောသောသူတို့အား အဘယ်သို့ ပြုတော်မူမည်နည်း။

ဘုရားသခင်သည် မုသာပြောသောသူတို့အား ဖျက်ဆီးတော်မူလိမ့်မည်။

ဘုရားသခင်သည် မည်သူကို စက်ဆုပ်ရွံ့ရှာတော်မူသနည်း။

ဘုရားသခင်သည် ကြမ်းကြုတ်သောသူနှင့် မုသာနှင့်ပြည့်သော သူတို့ကို စက်ဆုပ်ရွံ့ရှာတော်မူသည်။