my_tq/psa/04/06.md

1.6 KiB

လူအများတို့သည် အဘယ်သို့ မေးတတ်ကြသနည်း။

"ကောင်းမွန်သောအရာကို ငါတို့အား အဘယ်သူပြမည်နည်း" ဟု လူအများတို့သည် မေးတတ်ကြသည်။

ဒါဝိဒ်သ်ည ထာ၀ရဘုရားအား မည်သည့်အရာပေါ်ထွက်လာစေရန် တောင်းသနည်း။

ဒါဝိဒ်သည် ထာ၀ရဘုရား၏မျက်နှာတော်အလင်းကို မိမိတို့အပေါ်၌ ပေါ်ထွန်းလာစေရန် တောင်းသည်။

ထာ၀ရဘုရားသည် ဒါဝိဒ်၏နှလုံးသားအား အဘယ်အရာကို ပေးသနည်း။

ဆန်စပါး၊ စပျစ်ရည် ပေါများ၍ အခြားသူတို့ဝမ်းမြောက်သည်ထက် ဒါဝိဒ်၏နှလုံးသားအား ဝမ်းမြောက်စေပါ သည်။

ဒါဝိဒ်အား ငြိမ်းချမ်းစွာနှင့်လုံခြုံစွာအိပ်ပျော်ရသောအခွင့်ကို အဘယ်သူပေးသနည်း။

ထာ၀ရဘုရားတစ်ပါးတည်းသာလျှင် ဒါဝိဒ်ကို လုံခြုံစွာနေရသောအခွင့်ကို ပေးပါသည်။