my_tq/num/24/12.md

1.6 KiB

ဗာလက်မင်းက ဗာလမ်ကို ရွှေငွေနှင့် ပြည့်သော နန်းတော်ကိုပင် ပေးခဲ့သော်လည်း မည်သည့်အရာကို မပြုနိုင်ဟု ဗာလမ်က ပြောခဲ့သနည်း။

ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူး၍ ကောင်းသောအမှု၊ မကောင်းသောအမှုတစုံတခုကို ကိုယ်အလိုအလျောက် မပြုနိုင်။ ထာဝရဘုရားမိန့်တော်မူသမျှကိုသာ ပြောပါမည်ဟု ဗာလမ်က ဗာလက်မင်းကို ပြောခဲ့သည်။

ဗာလမ်သည် မည်သည့်အရာကိုသာ ပြောသည်ဟု ဆိုထားသနည်း။

ဗာလမ်သည် ထာဝရဘုရားမိန့်တော်မူသမျှကိုသာ ပြောသည်ဟု ဆိုထားသည်။

ဗာလမ်သည် သူ၏ အဆွေအမျိုးထံသို့ မသွားမှီ ဗာလက်မင်းအား မည်သို့ သတိပေးသနည်း။

ဣသရေလလူမျိုးတို့သည် နောင်ကာလ၌ ဗာလက်မင်း၏လူမျိုးတွင် မည်သို့ပြုရမည်အရာကို ဗာလမ်က ဗာလက်မင်းအားသတိပေးခဲ့သည်။