my_tq/num/21/01.md

1.6 KiB

ခါနာန်အမျိုး အာရဒ်မင်းကြီးသည် ဣသရေလ လူတို့ အသရိမ်လမ်းဖြင့် လာခဲ့ကြသည်ကို ကြားသောအခါ ဘာလုပ်ခဲ့သနည်း။

အာရဒ်မင်းကြီးသည် ဣသရေလ လူတွေကို စစ်တိုက်၍ လူအချို့တို့ကို ဖမ်းဆီးခဲ့သည်။

ထာ၀ရဘုရားက သူတို့အပေါ်အောင်နိုင်သောအခွင့်ကို ပေးမည်ဆိုလျှင် အာရဒ်မင်းကြီး၏ မြို့များကို အကုန်ဖျက်ဆီးမည်ဟု ပြောသော ဣသရေလ လူတို့၏ သစ္စာကတိအပေါ် ထာ၀ရဘုရားသည် ဘာလုပ်ခဲ့သနည်း။

ထာ၀ရဘုရားသည် ဣသရေလ လူတို့၏ စကားကို နားထောင်ပြီး ခါနာန်အမျိုးသားတို့အပေါ် အောင်နိုင်ခွင့်ကို ပေးခဲ့သည်။

ဣသရေလ လူများသည် ခါနာန်အမျိုးသားများနှင့် မြို့များကို ဖျက်ဆီးခဲ့သော နေရာကို မည်သည့်အမည် ခေါ်တွင် ခဲ့ကြသနည်း။

ထိုနေရာကို ဟော်မာဟု ခေါ်ခဲ့ကြသည်။