my_tq/num/19/03.md

2.0 KiB

ယဇ်ပုရောဟိတ်ဧလာဇာသည် သူ့ရှေ့တွင် တစ်ဦးက သတ်ရမည့် နွားမပျိုကို အဘယ်နေရာသို့ဆောင်ခဲ့သနည်း။

ယဇ်ပုရောဟိတ် ဧလာဇာသည် သူ့ရှေ့တွင် တစ်ဦးက သတ်ရမည့် နွားမပျိုကို တပ်ပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။

ဧလာဇာသည် နွားမပျို၏ သွေးနှင့် ဘာလုပ်ခဲ့သနည်း။

ဧလာဇာသည် အချို့သော သွေးကို လက်နှင့် ယူပြီး စုဝေးရာတဲတော်၏ ရှေ့တွင် ခုနှစ်ကြိမ်ဖြန်းခဲ့သည်။

အခြားသော ယဇ်ပုရောဟိတ်သည် နွားမပျိုနှင့် ဘာလုပ်ဖို့ရန် ဖြစ်ခဲ့သနည်း။

အခြားသော ယဇ်ပုရောဟိတ်သည် နွားမပျို၏ အရေ၊ အသား၊ အသွေးတို့ကို ဧလာဇာ၏ ရှေ့တွင် မီးရှို့ဖို့ရန် ဖြစ်ခဲ့သည်။

ယဇ်ပုရောဟိတ်သည် အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသော အထည်ကို အဘယ်နေရာသို့ ပစ်ချခဲ့သနည်း။

ယဇ်ပုရောဟိတ်သည် အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသော အထည်ကို ယူ၍ နွားမ မီးလောင်ရာထဲသို့ပစ်ချခဲ့သည်။