my_tq/num/18/08.md

1.3 KiB

ထာဝရဘုရားအားချီးမြှောက်သော မည်သည့် ပူဇော်သက္ကာတို့သည် အာရုန်နှင့်သူ၏သားတို့အဘို့ ဖြစ်သနည်း။

ဣသရေလအမျိုးသားများက သန့်ရှင်းစေ၍ ဆပ်ကပ်သမျှသောပူဇော်သက္ကာထဲမှ ထာဝရဘုရားအားချီးမြှောက်သော သန့်ရှင်းသည့် ပူဇော်သက္ကာများသည် အာရုန်နှင့်သူ၏သားများအဖို့ဖြစ်သည်။

အခြားအဘယ်ပူဇော်သက္ကာတို့သည် အာရုန်နှင့်သူ၏သားများအဖို့ဖြစ်သနည်း။

ဣသရေလအမျိုးသား လှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်နှင့် ဒုစရိုက်ဖြေရာယဇ်ပူဇော်လေသမျှတို့သည် အာရုန်နှင့်သူ၏သားများအဖို့ဖြစ်သည်။