my_tq/num/18/03.md

2.4 KiB

အာရုန်နှင့် တဲတော်ရှိသမျှကိုစောင့်ရသောအခါ လေဝိသားတို့သည် အဘယ်နေရာသို့ မချဉ်းကပ်ရမည်နည်း။

အာရုန်နှင့် တဲတော်ရှိသမျှကိုစောင့်ရသောအခါ လေဝိသားတို့သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကိုမချဉ်းကပ်ရပေ။

လေဝိသားတို့သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်နားသို့ချဉ်းကပ်လျှင် မည်သို့ဖြစ်မည်နည်း။

လေဝိသားတို့သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်နားသို့ချဉ်းကပ်လျှင်သူတို့နှင့် အာရုန်သည် သေရမည်ဖြစ်သည်။

အာရုန်၏အနီးသို့ ဘယ်သူသည် လာ၍ မရသနည်း။

အာရုန်၏အနားသို့ မဆိုင်သောသူသည် လာ၍မရပါ။

လေဝိသားတို့သည် အဘယ်အရာအတွက် တာဝန်ယူရသနည်း။

လေဝိသားတို့သည် အာရုန်နှင့်အတူ ပရိသတ်စည်းဝေးရာတဲတော်နှင့် တဲတော်အမှုရှိသမျှကို ကြည့်ရှုရသည်။

အာရုန်နှင့်သူ၏သားများသည် ဘာကြောင့် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရှောက်ရသနည်း။

နောက်တဖန် ထာဝရဘုရား၏အမျက်တော်သည် ဣသရေလ အမျိုးသားတို့အပေါ်သို့ မရောက်စေရန် အာရုန်နှင့်သူ၏သားများက သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရခြင်းဖြစ်သည်။