my_tq/num/18/01.md

1.7 KiB

ထာဝရဘုရားက အာရုန်အား သူ၏သားမြေးအဆွေအမျိုးတို့သည် အဘယ်တာဝန်ရှိသည်ဟု ပြောသနည်း။

ထာဝရဘုရားက အာရုန်အား သူ၏သားမြေးအဆွေအမျိုးတို့သည် သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သော အပြစ်ကို ခံရကြမည့်တာဝန်ရှိသည်ဟု ဆိုသည်။

ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ဘယ်သူသည် ခံရမည်ဟု ဘုရားသခင်သည် ပြောသနည်း။

ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို အာရုန်နှင့်သူ၏ သားများသည် ခံရကြမည်ဟု ပြောသည်။

သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ကြသောအခါ အာရုန်နှင့် သူ၏သားများကို အဘယ်မျိုးနွယ်သည် ကူညီပေးသနည်း။

သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ကြသောအခါ လေဝိမျိုးနွယ်နှင့် အာရုန်၏ဘိုးဘအဆွေအမျိုးများသည် ကူညီပေးကြသည်။