my_tq/mrk/16/14.md

1.8 KiB

ယေရှုသည် တပည့်တော်တို့အား ကိုယ်ကို ပြတော်မူစဉ်၊ သူတို့၏ မယုံတတ်သောစိတ်နှင့်ပတ်သက်၍ ယေရှုက မည်သို့ မိန့်တော်မူသနည်း။

ယေရှုက တပည့်တော်တို့အား သူတို့၏ မယုံတတ်သောစိတ်ကို ဆုံးမ အပြစ်တင်တော်မူပါသည်။

ယေရှုက တပည့်တော်တို့အား မည်သည့်ပညတ်ကို ပေးတော်မူသနည်း။

ယေရှုက တပည့်တော်တို့အား လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့ သွား၍ ဧဝံဂေလိတရားကို ဟောပြောကြဟု ပညတ်ပေးတော်မူသည်။

ယေရှုက မည်သူတို့သည် ကယ်တင်ခြင်းရမည်ဟု မိန့်တော်မူသနည်း။

ယေရှုက ယုံကြည်၍ ဗတ္တိဇံ (နှစ်ခြင်းမင်္ဂလာ) ကို ခံသောသူတို့သည် ကယ်တင်ခြင်းရမည်ဟု မိန့်တော်မူသည်။

ယေရှုက မည်သူတို့သည် အပြစ်စီရင်ခံခြင်းကို ခံရမည်ဟု မိန့်တော်မူသနည်း။

ယေရှုက မယုံကြည်သောသူတို့သည် အပြစ်စီရင်ခြင်းကို ခံရမည်ဟု မိန့်တော်မူပါသည်။