my_tq/mrk/14/22.md

1.5 KiB

မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးပြီးနောက် ယေရှုက မည်သို့ မိန့်တော်မူသနည်း။

ယေရှုက၊ "ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏၊ ယူ၍စားကြလော့" ဟု မိန့်တော်မူပါသည်။

ခွက်ကိုလည်း တပည့်တော်တို့အား ပေးပြီးနောက် ယေရှုက မည်သို့ မိန့်တော်မူသနည်း။

ယေရှုက၊ "ဤခွက်ကား၊ ပဋိညာဥ်တရားသစ်နှင့်ဆိုင်၍၊ လူများအဖို့အလို့ငှာ သွန်းသော ငါ၏အသွေးဖြစ်၏" ဟု မိန့်တော်မူပါသည်။

ယေရှုက ဤစပျစ်ရည်မျိုးအသစ်ကို မည်သည့်အချိန်၌ နောက်တစ်ဖန် သောက်ရမည်ဟု မိန့်တော်မူသနည်း။

ယေရှုက ဤစပျစ်ရည်မျိုးအသစ်ကို ဘုရားသခင်၏ နိုင်ငံတော်၌ သူသောက်ရသောနေ့ရောက်မှသာ နောက်တစ်ဖန် သောက်ရမည်ဟု မိန့်တော်မူပါသည်။