my_tq/mrk/13/24.md

1.5 KiB

ဒုက္ခဆင်းရဲခြင်းများ ဖြစ်ပေါ် ပြီးနောက် ကောင်းကင်တန်ခိုးတို့သည် မည်သို့ ဖြစ်မည်နည်း။

နေနှင့် လတို့သည် မှောင်မိုက်၍၊ ကောင်းကင်မှ ကြယ်များကြွေပြီး၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။

မိုးတိမ်၌ မည်သည့်အရာကို လူအပေါင်းတို့ တွေ့မြင်ရကြလိမ့်မည်နည်း။

ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသော လူသားကို လူအပေါင်းတို့ တွေ့မြင်ရကြလိမ့်မည်။

လူသားသည် ကြွလာသောအခါ မည်သို့ ပြုမည်နည်း။

လူသားသည် မိမိရွေးချယ်သော သူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်နှင့် မြေကြီး အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးစေတော်မူလိမ့်မည်။