my_tq/mat/28/18.md

1.4 KiB

ယေရှုက သူသည်မည်သည့် အခွင့်တန်ခိုးအာဏာရရှိသည်ဟုပြောသနည်း။

ယေရှုကကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း စီရင်ပိုင်သောအခွင့်တန်ခိုးအာဏာကိုရရှိသည်ဟု ပြောပါသည်။

ယေရှုကသူ၏တပည့်တော်တို့အား ဘာလုပ်ရန်မိန့်တော်မူသနည်း။

ယေရှကသူ၏တပည့်တော်တို့အား သင်တို့သွား၍လူမျိုးတကာတို့ကိုငါ၏ တပည့်ဖြစ်စေလျက် ထိုသူတို့အားနှစ်ခြင်းကိုပေးကြလော့ဟု မိန့်တော်မူပါသည်။

ယေရှုကတပည့်တော်တို့ကို မည်သည့်နာမအားဖြင့်နှစ်ခြင်းပေးရန်ပြောသနည်း။

ယေရှုက ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်၏နာမအားဖြင့်နှစ်ခြင်းပေးရန်ပြောပါသည်။