my_tq/mat/25/41.md

1.3 KiB

အရှင်၏လက်ဝဲဖက်တွင်ရှိသော သူတို့သည် မည်သည့်အရာကိုရရှိလိမ့်မည်နည်း။

အရှင်၏လက်ဝဲဖက်တွင်ရှိသောသူတို့သည် မာရ်နတ်နှင့်သူ၏တမန်တို့အတွက် ပြင်ဆင်ထားသော ထာဝရမီးထဲသို့သွားရလိမ့်မည် ဖြစ်ပါသည်။

အရှင်၏ လက်ဝဲဖက်တွင်ရှိသောသူတို့သည် သူတို့၏အသက်တာ၌ မည်သို့လုပ်ဆောင်ခဲ့သနည်း။

အရှင်၏ လက်ဝဲဖက်တွင်ရှိသောသူတို့သည် သူတို့၏အသက်တာ၌ ဆာလောင်သူအား မကျွေးမွေး၊ ရေငတ်သူအားသောက်စရာမပေး၊ ဧည့်သည်အား ဧည့်ဝတ်မပြု၊ အဝတ်မရှိသူအား ဝတ်စရာမပေး၊ မကျန်းမာသူအား မပြုစု၊ ထောင်သားများထံ မသွားရောက်ခဲ့ကြပါ။