my_tq/mat/21/25.md

1.9 KiB

ယေရှုက ယဇ်ပုရောဟိတ်အကြီးနှင့် လူအကြီးအကဲတို့အား မည်သို့ပြန်မေးသနည်း။

ယေရှုက သူတို့အား နှစ်ခြင်းဆရာယောဟန်၏ဗတ္တိဇံတရားသည်ကောင်းကင်မှဖြစ်သလော၊ လူမှဖြစ်သလောဟုပြန်၍မေးပါသည်။

နှစ်ခြင်းဆရာယောဟန်၏ ဗတ္တိဇံတရားသည်ကောင်းကင်မှဖြစ်သလောဟူသည့် အမေးကိုယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့ကအဘယ်ကြောင့်မဖြေလိုကြသနည်း။

သူတို့သည်နှစ်ခြင်းဆရာယောဟန်ကို မယုံကြည်သောကြောင့် ယေရှုမေးခြင်းဖြစ်ကြောင်း သူတို့သည်သိကြသ ဖြင့် မဖြေလိုကြခြင်းဖြစ်ပါသည်။

နှစ်ခြင်းဆရာယောဟန်၏ ဗတ္တိဇံတရားသည်လူမှဖြစ်သလောဟူသည့်အမေးကိုယဇ်ပုရောဟိတ်အကြီးနှင့်ကျမ်းပြုဆရာတို့ကအဘယ်ကြောင့်မ​ဖြေလိုကြသနည်း။

လူအများတို့က နှစ်ခြင်းဆရာယောဟန်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြသောကြောင့် ထိုလူအများကိုကြောက်သဖြင့် မဖြေလိုကြခြင်းဖြစ်ပါသည်။