my_tq/mat/13/03.md

1.3 KiB

ယေရှု၏ဥပမာစကားတို့တွင်၊ မျိုးစေ့ကိုကြဲသောသူ၏ လမ်းဘေး၌ကျသောမျိုးစေ့တို့သည် မည်ကဲ့သို့ဖြစ်သည်ဟုဆိုသနည်း။

လမ်းဘေး၌ကျသောမျိုးစေ့တို့ကို ငှက်တို့သည်လာ၍ကောက်စားပစ်ကြသည် ဟုဆိုပါသည်။

ယေရှု၏ဥပမာစကားတို့တွင်၊ မျိုးစေ့ကိုကြဲသောသူ၏မျိုးစေ့တို့သည်ကျောက်ပေါများသောအရပ်၌ ကျခဲ့လျှင်မည်သို့ဖြစ်မည်ဟုဆိုသနည်း။

ကျောက်ပေါများသောအရပ်၌ကျသော မျိုးစေ့တို့သည်၊ချက်ခြင်းအပင်ပေါက်သော်လည်း၊ နေထွက်သောအခါပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့်ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြသည်ဟုဆိုပါသည်။