my_tq/mat/04/01.md

1.5 KiB

စာတန်၏စုံစမ်းခြင်းကိုခံစေရန်ယေရှုအားမည်သူကတောသို့ပို့ဆောင်သနည်း။

တော၌စာတန်၏စုံစမ်းခြင်းကိုခံစေရရန်ယေရှုအားသန့်ရှင်းသောဝိညာဥ်တော်ကပို့ဆောင်ပါသည်။

ယေရှုသည်တောထဲ၌အစာမစားဘဲမည်မျှကြာအောင်နေသနည်း။

ယေရှုသည်တောထဲ၌နေ့၊ညရက်ပေါင်းလေးဆယ်အစာမစားဘဲနေပါသည်။

ပထမစုံစမ်းခြင်းကိုယေရှုကမည်သို့ဖြေသနည်း။

ယေရှုကလူသည်မုန့်အားဖြင့်သာအသက်ရှင်ရမည်မဟုတ်။ ဘုရားသခင်မိန့်မြွက်သမျှအားဖြင့်အသက်ရှင်ရမည်ဟုဖြေပါသည်။

စာတန်ကယေရှုအားပထမအကြိမ်မည်ကဲ့သို့ဖြားယောင်းသွေးဆောင်သနည်း။

စာတန်ကယေရှုအားပထမအကြိမ်ကျောက်ခဲမှမုန့်ဖြစ်စေရန်ဖြားယောင်းသွေးဆောင်ပါသည်။