my_tq/mal/01/13.md

1.2 KiB

ထာ၀ရဘုရား၏ အမှုတော်ကို ယဇ်ပုရောဟိတ်တို့က မည်ကဲ့သို့ မှတ်ယူသနည်း။

သူတို့သည် ထာ၀ရဘုရား၏ အမှုတော်ကို ပင်ပန်းငြီးငွေ့ဖွယ်ရာအမှု၊ မထီမဲ့မြင်ပြုလျက် လှောင်ပြောင်သရော်ဖွယ်ရာ အရာကဲ့သို့ မှတ်ယူသည်။

မိမိသိုးစု၌ အထီးရှိလျက်ပင် လှည့်စား၍ ချို့တဲ့သောအကောင်ကို ယဇ်ပူဇော်ရသောသူအား ဘာကြောင့် ထာ၀ရဘုရား ကျိန်တော်မူသနည်း။

အကြောင်းမူကား ထာ၀ရဘုရားသည် ကြီးမြတ်သောရှင်ဘုရင်ဖြစ်၍ သူ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ်သောကြောင့် ဖြစ်သည်။