my_tq/luk/08/11.md

1.7 KiB

ယေရှု၏ ဥပမာတော်တွင်၊ စိုက်ပျိုးသော မျိုးစေ့သည် အဘယ်နည်း။

စိုက်ပျိုးသော မျိုးစေ့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါသည်။

မည်သို့သောသူသည် လမ်းဘေး၌ကျသော မျိုးစေ့နှင့်တူ၍ သူတို့သည် မည်သို့ဖြစ်သနည်း။

ထိုသူတို့သည် နှုတ်ကပတ်တော်ကို ကြားနာသော်လည်း၊ မာရ်နတ်သည် တရားစကားကို နှလုံးထဲမှ နှုတ်ယူခြင်းခံရသူများဖြစ်၍၊ ထိုသူတို့သည် ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းမရောက်ပါ။

မည်သို့သောသူသည် ကျောက်ပေါ်မှာကျသော မျိုးစေ့နှင့်တူ၍ သူတို့သည် မည်သို့ဖြစ်သနည်း။

ထိုသူတို့သည် နှုတ်ကပတ်တော်ကို ဝမ်းမြောက်စွာလက်ခံသော်လည်း စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တွေ့ကြုံသည့်အခါ ယုံကြည်ခြင်းရပ်ဆိုင်းသူများဖြစ်၍၊ ဖောက်ပြန်သူများဖြစ်သွားပါသည်။