my_tq/lev/01/10.md

1.5 KiB

ထာဝရဘုရားက မောရှေအား မီးရှို့ရာ ယဇ်အတွက် လူများတို့ကို မည်သည့် တိရစ္ဆာန်မျိုး ယူဆောင်လာရန် ပြောခဲ့သနည်း။

ထာဝရဘုရားက မီးရှို့ရာ ယဇ်အတွက်လူများတို့ကို တိရစ္ဆာန်အုပ်ထဲမှ အပြစ်ကင်းစင်သော သိုးထီး သို့မဟုတ်ဆိတ်ထီးများ ယူဆောင်လာရန် ပြောခဲ့သည်။

သိုးထီး သို့မဟုတ် ဆိတ်ထီးကို ယဇ်ပလ္လင်၏မည်သည့်အခြမ်းတွင် သတ်ရမည်နည်း။

ယဇ်ပလ္လင်၏ မြောက်ဘက်တွင် သိုးထီး သို့မဟုတ် ဆိတ်ထီးကို သတ်ရမည်။

မည်သည့်နေရာတွင် အာရုန်၏သားများက သိုး သို့မဟုတ် ဆိတ်တို့၏ အသွေးများကို ပက်ဖျန်းရမည်နည်း။

အာရုန်၏သားများက အသွေးများကို ယဇ်ပလ္လင်၏ ပတ်လည်၌ ပက်ဖျန်းရမည်။