my_tq/jon/04/01.md

1.5 KiB

ယောနသည် အဘယ်ကြောင့် စိတ်ညစ်၍ အမျက်ထွက်သနည်း။

ထာဝရဘုရားသည် စိတ်တော်ကို ပြောင်းလဲပြီး နိနေဝေမြို့ကို အပြစ်ဒဏ် မပေးသဖြင့် ယောနသည် စိတ်ညစ် အမျက်ထွက်ခဲ့သည်။

ယောနသည် အဘယ်ကြောင့် တာရှုမြို့သို့ ထွက်ပြေးကြောင်း ပြောသနည်း။

ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရား ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သောသဘော ရှိတော်မူကြောင်း သူသိသဖြင့် တာရှုမြို့သို့ ထွက်ပြေးခဲ့ကြောင်း ပြောသည်။

ယောနသည် မိမိအား မည်သို့ပြုလုပ်ရန် ထာဝရဘုရားကို တောင်းလျှောက်ခဲ့ သနည်း။

ယောနသည် မိမိ၏အသက်ကို နှုတ်ယူတော်မူပါဟု ထာဝရဘုရားကို တောင်းလျှောက်ခဲ့သည်။