my_tq/jhn/18/01.md

1.4 KiB

ယေရှုသည်ထိုစကားတို့ကိုပြောပြီးနောက်မည်သည့်အရပ်သို့သွားသနည်း။

ယေရှုသည်ကေဒြုန်ချောင်းကိုကျော်ဖြတ်၍ တပည့်တော်တို့နှင့်အတူ ဥယျာဥ်တော်သို့သွားပါသည်။

ဥယျာဥ်တော်အကြောင်းကိုယုဒသည်မည်သို့သိသနည်း။

ယေရှုသည်ထိုအရပ်သို့တပည့်တော်တို့နှင့်အတူအမြဲသွားလေ့ရှိသောကြောင့်ယုဒသည်သိရှိရခြင်းဖြစ်ပါသည်။

ဥယျာဥ်တော်သို့မည်သူတို့သည်မီးရှူး၊ မီးအိမ်၊ လက်နက်တို့ကိုင်ဆွဲ၍လာကြသနည်း။

စစ်သားများ၊ ယဇ်ပုရောဟိတ်အကြီးနှင့်ဖါရိရှဲတို့စေလွှတ်သောသူတို့သည်ထိုအရာများကိုကိုင်ဆွဲလျက်ဥယျာဥ်တော်သို့လာကြပါသည်။