my_tq/jhn/16/12.md

1.4 KiB

သန့်ရှင်းသောဝိညာဥ်တော်ရောက်လာသောအခါ သူသည်တပည့်တော်တို့အားမည်သို့လုပ်ပေးလိုသနည်း။

သန့်ရှင်းသောဝိညာဥ်တော်ရောက်လာသောအခါ သူသည်တပည့်တော်တို့အားသမ္မာတရားကိုသွန်သင်ပြသမည်ဖြစ်ပြီး၊ ထိုဝိညာဥ်တော်သည်မိမိအလိုအတိုင်းဟောပြောမည်မဟုတ်ဘဲ၊ သူကြားသမျှတို့ကိုဟောပြောမည်ဖြစ်သကဲ့သို့ နောင်လာလတံ့သောအရာတို့ကိုလည်းဖေါ်ပြမည်ဖြစ်ပါသည်။

သန့်ရှင်းသောဝိညာဥ်တော်သည် မည်ကဲ့သို့ယေရှုအားဘုန်းထင်ရှားစေမည်နည်း။

ယေရှုနှင့်စပ်ဆိုင်သောအရာတို့ကိုယူ၍တပည့်တော်တို့အားဖေါ်ပြခြင်းဖြင့် ယေရှုအားဘုန်းထင်ရှားစေမည်ဖြစ်ပါသည်။