my_tq/jhn/09/16.md

1.8 KiB

ဖါရိရှဲအချင်းချင်းတို့ကြားတွင်မည်သို့စိတ်ဝမ်းကွဲပြားကြသနည်း။

ဖါရိရှဲအချို့ကယေရှုသည်ဥပုသ်နေ့ကိုမစောင့်ရှောက်သောကြောင့်ဘုရားသခင်စေလွှတ်သောသူမဟုတ်ဟုဆိုသကဲ့သို့၊ ဖါရိရှဲအချို့ကဆိုးသောသူသည်ဤသို့သောနိမတ်လက္ခဏာကိုမည်သို့ပြသနိုင်မည်နည်းဟု အချင်းချင်းတို့အကြားတွင်စိတ်ဝမ်းကွဲပြားကြပါသည်။

ဖါရိရှဲတို့မေးသည်ကို ယခင်မျက်စေ့ကန်းသောသူကယေရှုအကြောင်းမည်သို့ပြောသနည်း။

ယခင်မျက်စေ့ကန်းသောသူက ယေရှုနှင့်ပတ်သက်၍ သူသည်ပရောဖက်ဖြစ်သည်ဟုပြောပါသည်။

မျက်စေ့ပြန်မြင်သည့်အတွက်ယုဒလူတို့ကအဘယ် ကြောင့်သူ၏မိဘများကိုခေါ်သနည်း။

ယုဒလူတို့ကသူ၏မိဘများကိုခေါ်ရခြင်းအကြောင်းမှာ ထိုသူမျက်စေ့ပြန်မြင်သည်ကိုယခုထက်တိုင်မယုံကြသောကြောင့်ဖြစ်ပါသည်။