my_tq/jer/39/08.md

1.5 KiB

ယေရုရှလင်မြို့ရိုးနှင့် အိမ်များကို ခါလဒဲလူတို့က ဘာလုပ်ခဲ့သနည်း။

ခါလဒဲလူတို့က ထိုနေရာကို မီးရှို့ခဲ့ကြသည်။

မည်သူများကို နေဗုဇာရဒန်က သိမ်းယူသွားသနည်း။

နေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွားသောသူနှင့် ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားသည်။

နေဗုဇာရဒန်သည် ယုဒပြည်၌ မည်သည့်လူများအား နေရန်ခွင့်ပြုခဲ့သနည်း။

နေဗုဇာရဒန်သည် ဥစ္စာမရှိသော ဆင်းရဲသားတို့အား နေရန် ခွင့်ပြုခဲ့သည်။

ကျန်ကြွင်းသောသူများကို နေဗုဇာရဒန်က ဘာပေးခဲ့သနည်း။

ကျန်ကြွင်းသောသူများကို နေဗုဇာရဒန်က စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးခဲ့သည်။