my_tq/jas/03/01.md

1.3 KiB

ယာကုပ်သည် များစွာသောသင်တို့သည် ဆရာ မဖြစ်ကြနှင့်ဟုအဘယ်ကြောင့်ပြောသနည်း။

ယာကုပ်က များစွာသောသင်တို့သည်ဆရာ မဖြစ်ကြနှင့်ဟုပြောရခြင်းအကြောင်းမှာ ဆရာများသည် သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းခံရမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။

မည်သူသည်မှားတတ်၍၊ မည်ကဲ့သို့မှားတတ်သနည်း။

ကျွန်ပ်တို့အားလုံးသည် နည်းလမ်းမျိုးစုံဖြင့်မှားတတ်ကြပါသည်။

မည်ကဲ့သို့သောသူသည် သူ၏တကိုယ်လုံးကိုထိန်းချုပ်ထားနိုင်သနည်း။

စကားအားဖြင့်မမှားတတ်သောသူသည် သူ၏တကိုယ်လုံးကိုထိန်းချုပ်ထားနိုင်သောသူဖြစ်ပါသည်။