my_tq/isa/61/01.md

1.6 KiB

ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဘာကြောင့် သူ့အပေါ်မှာ တည်တော်မူသနည်း။

ထာဝရဘုရားသည် သူ့အားဘိသိက် ပေးထားသောကြောင့်ဝိညာဉ်တော် သည်သူ့အပေါ်တွင် တည်ခြင်းဖြစ်သည်။

ထာဝရဘုရားသည် သူ့အားဘိသိက်ပေးခြင်းသည် မည်သို့ပြုရန်ဖြစ်သနည်း။

ထာဝရဘုရားသည် သူ့အား ဘိသိက်ပေးခြင်းသည်ဆင်းရဲ သားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေရန် ဖြစ်သည်။

ထာဝရဘုရားသည် သူတို့အားပြုခိုင်းသော ပထမအရာသုံး ခုသည် ဘယ်အရာနည်း။

ထာဝရဘုရားသည် သူတို့အားနှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းနှင့်၊ အကျဉ်းခံ လျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း ကိုပြုစေခြင်းဖြစ်သည်။