my_tq/isa/49/05.md

1.5 KiB

ထာဝရဘုရား၏ ကျွန်ကဲ့သို့ ဣသရေလအမျိုး၏ တာဝန်က အဘယ်နည်း။

ဣသရေလအမျိုး၏ တာဝန်သည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေခြင်းဖြစ်သည်။

ထာဝရဘုရား၏ ကျွန်အဖို့ မည်သည့်အရာသည် သာမညအမှုဖြစ်သနည်း။

ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းသည် ထာဝရဘုရား၏ ကျွန်အဖို့ သာမညအမှုဖြစ်သည်။

ထာဝရဘုရားသည် သူ၏ကျွန်များအဖို့ မည်သည့်အရာကို ပြုလုပ်လိမ့်မည်နည်း။

မြေကြီးစွန်းတိုင်အောင် ထာဝရဘုရား၏ ကယ်တင်ခြင်းကို ပြုရန်နှင့် တပါးအမျိုးသားတို့ လင်းစရာဘို့ ခန့်ထားခြင်းကို ပြုလုပ်လိမ့်မည်။