my_tq/isa/14/01.md

2.1 KiB

ထာ၀ရဘုရားသည် ဣသရေလအမျိုးကို အဘယ်သို့ပြုလိမ့်မည်နည်း။

ထာ၀ရဘုရားသည် ဣသရေလအမျိုးကို ပြန်ရွေးကောက်၍ သူတို့နေရင်းပြည်သို့ ပြန်လည် နေရာချပေးလိမ့်မည်။

အဘယ်သူများသည် ဣသရေလလူတို့နှင့်အတူ သူတို့ပြည်သို့ ပြန်သွားရလိမ့်မည်နည်း။

တကျွန်းတနိုင်ငံသားတို့သည် သူတို့နှင့်အတူ ပေါင်းဘော်၍ သူတို့ကိုယ် သူတို့ ယာကုပ်အမျိုး၌ ဆည်းကပ်ကြလိမ့်မည်။

ဣသရေလလူတို့ကို သူတို့နေရင်းပြည်သို့ အဘယ်သူ ပို့ဆောင်သွားလိမ့်မည်နည်း။

တပါးအမျိုးသားတို့သည် သူတို့ကို သူတို့၏ နေရင်းပြည်သို့ပို့ဆောင်ကြလိမ့်မည်။

ဣသရေလလူတို့သည် တပါးအမျိုးသားတို့ကို ဖမ်းဆီးခေါ်ဆောင်၍ အဘယ်သို့ ပြုကြလိမ့်မည်နည်း။

ဣသရေလလူတို့သည် သူတို့ကို ကျွန်နှင့်ကျွန်မများအဖြစ်ခေါ်ဆောင်ကြလိမ့်မည်။ သူတို့အား ဖမ်းဆီးဖူးသော သူတို့ကိုလည်း သူတို့ပြန် ဖမ်းဆီး၍ သူတို့ကို ဖိနှိမ်ခဲ့သူများကိုလည်း သူတို့သည် အုပ်စိုးကြလိမ့်မည်။