my_tq/heb/13/03.md

1.5 KiB

ယုံကြည်သူတို့သည် ထောင်ထဲရှိသူများအား မည်သို့အောက်မေ့သင့်သနည်း။

ယုံကြည်သူတို့သည် မိမိကိုယ်တိုင်ထောင်ထဲကျခံသကဲ့သို့မှတ်၍လည်းကောင်း၊ သူတို့၏ခန္ဓာကိုယ်တိုင် ညှင်းဆဲခံရသကဲ့သို့ အောက်မေ့လျက် ထောင်ထဲရှိသူများ ကိူ အောက်မေ့ရမည်ဖြစ်ပါသည်။

လူအပေါင်းတို့သည် မည်သည့်အရာ ကို လေးစား၊တန်ဖိုးထားမှုရှိရမည်နည်း။

လူအပေါင်းတို့၌ မင်္ဂလာဆောင်ခြင်းအမှုကို လေးစားမှုရှိရမည်ဖြစ်ပါသည်။

မတရားသောမေထုန်မှီဝဲသူနှင့် သူ့မယားကို ပြစ်မှားသူတို့အား ဘုရားသခင်သည် မည်သို့ပြုသနည်း။

မတရားသောမေထုန်မှီဝဲသူနှင့် သူ့မယားကို ပြစ်မှားသူတို့အား ဘုရားသခင်သည်တရာစီရင်လျက်ရှိပါသည်။