my_tq/heb/07/25.md

2.0 KiB

ယေရှုအားဖြင့်ဘုရားသခင်ထံချဉ်းကပ်သူတို့အားယေရှုသည်အဘယ်ကြောင့်ပြည့်ဝစုံလင်စွာကယ်တင်သနည်း။

ယေရှုအားဖြင့်ဘုရားသခင်ထံချဉ်းကပ်သူတို့အား ယေရှုသည် ပြည့်ဝစုံလင်စွာကယ်တင်ရခြင်းအကြောင်းမှာ ယေရှုသည်သူတို့အတွက်အစဉ်အမြဲအသက်ရှင်သောကြောင့်ဖြစ်ပါသည်။

ယုံကြည်သူများအတွက်မှန်သောယဇ်ပုရောဟိတ်ဖြစ်ရန်ယေရှု ၌ မည်သို့သော ပင်ကိုယ်အရည်အသေွး လေးရပ် ရှိပါသနည်း။

ယုံကြည်သူများအတွက်မှန်သောယဇ်ပုရောဟိတ်ဖြစ်ရန်ယေရှု၌ အပြစ်နှင့်ကင်းစင်ခြင်း၊ ပြစ်တင်မှုကင်းမဲ့ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း နှင့် အပြစ်ရှိသူများနှင့် ကင်းရှင်းစွာနေခြင်း စသည့် ပင်ကိုယ်အရည်အသေွး လေးရပ်ရှိပါသည်။

မိမိ၏အပြစ်အတွက်ယေရှုသည်မည်သည့်ယဇ်ပူဇော်ခြင်းပြုလုပ်ရန်လိုအပ်သနည်း။

ယေရှုသည်အပြစ်နှင့်ကင်းစင်သူဖြစ်သောကြောင့် မိမိအပြစ်အတွက်ယဇ်ပူဇော်ခြင်းပြုလုပ်ရန်မလိုအပ်ပါ။