my_tq/gen/50/24.md

2.0 KiB

ယောသပ်က သူ၌မည်သို့ ဖြစ်မည်အကြောင်းကို ပြောသနည်း။

ယောသပ်က သူသေရမည့်အကြောင်းကို ပြောပါသည်။

ဘုရားသခင်သည် ဣသရေလ၏ မျိုးနွယ်တို့အတွက်မည်သည့် ကတိတော်ပြည့်စုံလိမ့်မည်ဟု ယောသပ်ကပြောသနည်း။

ယောသပ်က ဘုရားသခင်သည် အာဗြဟံ၊ ဣဇက်နှင့်ယာကုပ်တို့အား ကတိထားတော်မူသည့်အတိုင်း၊ ဣသရေလမျိုးနွယ်တို့ကို ကတိထားသောပြည်သို့ ပြန်လည်ဆောင်သွားလိမ့်မည်ဟု ပြောပါသည်။

ဣသရေလအမျိုးသားတို့အား မည်သို့လုပ်ဆောင်ရလိမ့်မည်ဟု ယောသပ်က ကျိန်ဆိုခြင်းကို ပြုစေသနည်း။

ဣသရေလ အမျိုးသားတို့သည်အဲဂုတ္တုပြည်မှပြန်ထွက်သွားသောအခါ၊ သူ၏ အရိုးတို့ကိုသယ်ဆောင်သွားရလိမ့်မည်ဟု ယောသပ်က ကျိန်ဆိုခြင်းကို ပြုစေပါသည်။

ယောသပ် သေဆုံးပြီးနောက် သူ၏ခန္ဓာကိုယ် မည်သို့ စီမံထားသနည်း။

ယောသပ်၏ ခန္ဓာကိုယ်အား အမွှေးနံ့သာဖြင့် မပုပ်သိုးအောင်ပြင်ပြီးမှ အဲဂုတ္တုပြည်တွင် အခေါင်းနှင့်ထားရှိပါသည်။